Burma(Myanmer) မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက် သေနတ် ပြန်ကိုင်မယ့် လွတ်လပ်ရေး တိုက်ပွဲဝင်သူJanuary 2022
မိမိကိုယ်ကို ခုခံကာကွယ်ဖို့ လက်နက်တပ်ဆင်ခြင်းကို ခွင့်မပြုဘူးလား။
ယခုကဲ့သို့ ကိုရိုနာကူးစက်ရောဂါအတွက် တင်းကျပ်ထားသည့် ပြည်ဝင်ခွင့် စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည်။ ထိုင်းမြန်မာနယ်စပ်မြို့ မဲဆောက်သို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေအနေများကို ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ခဲ့သည်။ ကျွန်ုပ်၏မိတ်ဆွေ ဒီမိုကရေစီရေးလှုပ်ရှားသူ ထွန်းအောင်ကျော်သည်လည်း တင်းကျပ်သည့် ပြည်ဝင်ခွင့် စည်းမျဉ်းများနှင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း နောက်ဆုံး ထိုင်းနိုင်ငံသို့ ဝင်ရောက်လာနိုင်ခဲ့သဖြင့် ကျွန်ုပ်တို့ နှစ်ဦး ပြန်လည်ဆုံတွေ့နိုင်ခဲ့သည်။
သူသည် ၈၈ ခုနှစ်တွင် တောခိုခဲ့ပြီး တောခိုလာသည့် ကျောင်းသားတစ်သောင်းကျော်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး စစ်တပ်ကို ပြန်လည်တွန်းလှန်ခဲ့သူဖြစ်သည်ဟု အများက သိထားကြသည်။ ၁၉၇၄ ခုနှစ်၊ နေဝင်းစစ်အာဏာရှင်စနစ်အောက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် သေဆုံးချိန်၌ အာဏာရှင်နေဝင်းက ဦးသန့်ကို ကြံ့တောတွင် မြှုပ်နှံရန် ပြုလုပ်စဉ် ကျောင်းသားများက အရေးအခင်းတွင် ၁၉၇၄ခုနှစ်တွင်မြန်မာနိုင်ငံသားကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့်ကွယ်လွန်သွားသည့်အခါ သူ့ရုပ်ကလပ်ကို သူ့အလိုဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည်ယူဆောင်ရာတွင် နေဝင်းစစ်အစိုးရက နိုငံတော်ဈာပနအဖြစ် ဂုဏ်မပြုဘဲ သာမန်လူများ မြုပ်နှံသည့်ကြံတောသင်္ချိုင်းတွင် မြှုပ်နှံစေသဖြင့် ကျောင်းသားများက အလောင်းကို လုယူပြီး ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း မြှုပ်နှံခဲ့ကြသည့် ဦးသန်းအရေးအခင်း၌ ဦးဆောင်သူများထဲတွင် တယောက်အနေနှင့် ပါဝင်ခဲ့သူ ဖြစ်သည်။ ဤဗီဒီယိုတွင် နယ်စပ်သို့ အသက်စွန့် ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာပြည်သူများနှင့် တွေ့ဆုံခဲ့သည့်မှတ်တမ်းများနှင့်အတူ တော်လှန်ရေးစိတ်ဓာတ်ပြင်းထန်သည့် ထွန်းအောင်ကျော်၏သံန္နိဋ္ဌာန်နှင့် ရုန်းကန်မှုများကို ရိုက်ကူးတင်ဆက်ထားပါသည်။
ယခုအကြိမ် စစ်အာဏာမသိမ်းခင် ၁၀ နှစ်တာကာလတွင် စစ်တပ်၏အကျိုးစီးပွားကို ကာကွယ်ပေးသည့် စစ်တပ်က ရေးဆွဲထားသည့်အခြေခံဥပဒေအောက်တွင် မပြည့်မဝ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ ရွေးကောက်ပွဲတွင် ဒီမိုကရေစီဘက်တော်သားများက အနိုင်ရရှိခဲ့ပြီး စစ်တပ်၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။ စစ်တပ်ကို ပြည်သူများက လုံးဝ မထောက်ခံတော့သည်ကို တွေ့မြင်နိုင်သည်။
ကိုရိုနာကပ်ရောဂါမှ ကာကွယ်ရန် ယမန်နှစ် မတ်လကတည်းက ကမ္ဘာတစ်ဝှမ်းတွင် လူများ ခရီးသွားရာတွင် အခက်အခဲ ဖြစ်ခဲ့ရသည်။ ၈၈ နှစ်အရေးအခင်းကာလက စစ်အစိုးရသည် သတင်းသမားများကို ဗီဇာထုတ်မပေးသဖြင့် ယင်းအချိန်က ဗမာပြည်တွင် ဖြစ်ပျက်နေသည့် အခြေအနေမှန်ကို ကမ္ဘာကြီးအား သတင်းပေးရန် မလွယ်ကူခဲ့ပေ။ သို့ရာတွင် ယနေ့ခေတ်တွင် မြန်မာနိုင်ငံတွင် အင်တာနက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီး ပြည်သူများအနေဖြင့် ပြည်တွင်းအခြေအနေများကို စမတ်ဖုန်းများကို အသုံးပြုပြီး ကမ္ဘာသို့ ဖြန့်ဝေလျက်ရှိသည်။ ယခင်က တခါမှ မမြင်ဖူးသော ကူးစက်ရောဂါအသစ်၏ ကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံ့မှုသည် မြန်မာနိုင်ငံတွင်းသို့ သွားရောက် သတင်းယူရန် ခက်ခဲလာခဲ့သည်။
ထိုအချိန်တွင် စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအာဏာရပါတီခေါင်းဆောင်များကို အင်အားသုံး ဖမ်းဆီးကာ အာဏာအလုံးစုံကို ထိန်းချုပ်ခဲ့သည်။ စစ်တပ်၏အကြမ်းဖက်မှုကို ဆန့်ကျင်ကန့်ကွက်သည့် မိမိပြည်သူများကို သတ်ဖြတ်ပြီး ဖမ်းဆီးထောင်ချနေပါသည်။
နိုင်ငံခြားတွင် အဆက်အသွယ် ရှိသူများ နှင့် ငွေကြေးချမ်းသာသော မြန်မာလူမျိုး ထောင်ပေါင်းများစွာသည် ပြည်ပသို့ ထွက်ပြေးကြပြီး ဒုက္ခသည်အဖြစ် လျှောက်ထားခြင်း သို့မဟုတ် ဒုက္ခသည်များပင် ဖြစ်နေပြီဖြစ်သည်။ အရပ်သား ပြည်သူများသည် CDM လှုပ်ရှားမှုနှင့် စစ်တပ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ဖြိုခွင်းနေသည့်ကြားမှ ပါဝင်ကြသည်။ တိုင်းပြည်မှ ထွက်ပြေးသွားသော လွှတ်တော်ကိုယ်စားလှယ်များသည် အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကို တည်ထောင်ထားပြီး လူငယ်များအနေဖြင့် ကရင်လူမျိုးများကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင် စစ်သင်တန်းတက်ရောက်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အား စစ်ခုံရုံးက ဆူပူအောင် လှုံ့ဆော်မှုဖြင့် ဒီဇင်ဘာ ၆ ရက်က ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့သည်။ ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် လူထုအုံကြွမှုကြီးနောက်ပိုင်း ကျင်းပခဲ့သည့် ၁၉၉၁ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် NLD မှ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲ ရလဒ်ကို ပယ်ချခဲ့ပြီး NLD ပါတီဝင်များကို စစ်တပ်က အင်အားသုံး ဖမ်းဆီးထောင်ချခဲ့သည့်အပြင် NLD ရုံးများကိုလည်း အာဏာသုံး၍ ပိတ်ပြစ်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကသို့ ထပ်ခါတလဲလဲ စစ်အာဏာသိမ်းမှုသည် မဖြစ်သင့်ပါ။
ထွန်းအောင်ကျော်သည် ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မဲဆောက်မြို့သို့ ကိုရိုနာရောဂါ ကာကွယ်ရေးစနစ်သစ်ဖြင့် ဝင်ရောက်ခဲ့သည်။ သူ၏ရည်ရွယ်ချက်မှာ ဒီမိုကရေစီအဖွဲ့အစည်းများကို အားပေးရန်နှင့် အင်အားကောင်းလာစေရန် ဖြစ်သည်။
မဲဆောက်မြို့တွင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီခေါင်းဆောင်များနှင့် ထိုင်းဘက်ခြမ်း၌ရှိသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) မှ တာဝန်ရှိပုဂ္ဂိုလ်များကို လက်ရှိအခြေအနေများကို မေးမြန်းခဲ့ပါသည်။ ရှင်းရှင်းလင်းလင်းဖြစ်လာသည်မှာ တိုင်းပြည်သည် တကယ့်အကျပ်အတည်းတွင် ရောက်ရှိနေပြီး နယ်စပ်ဖြတ်ကျော်ရန်မှာ ယခုအချိန်တွင် မလွယ်ကူသေးပေ။ ပြည်သူ့ကာကွယ်ရေးတပ်စခန်းများသည် နယ်စပ်သောင်ရင်းမြစ်တစ်ဖက်ကမ်းရှိ ကရင်ပြည်နယ်၏ တောထဲတွင် ရှိသည်။ သို့သော်လည်း ကိုရိုနာစည်းမျဉ်းများကြောင့် နယ်စပ်လုံခြုံရေး တင်းကျပ်ထားပြီး နယ်စပ်ဖြတ်ကျော်ပါက ဖမ်းဆီးခံရနိုင်ခြေအလွန်များပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် လက်နက်အနည်းငယ်သာ ရှိသည်။ တစ်ဖက်တွင်မူ မြန်မာနိုင်ငံသို့ လက်နက် ရောင်းချမှုအပေါ် ကမ္ဘာက ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသော်လည်း စစ်တပ်တွင် ပြည်တွင်းလက်နက်စက်ရုံများ ရှိပြီး သေနတ်နှင့် ခဲယမ်းမီးကျောက် အရေအတွက် လိုသလောက် ထုတ်လုပ်နိုင်သည်။ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ အာဏာသိမ်းမှုအတွင်း လူပေါင်း ၁၂၉၃ ဦး သေဆုံးခဲ့ပြီး ၁၀၄၇၅ ဦး ဖမ်းဆီး ထောင်ချခံခဲ့ရကြောင်း AAPP မှ သိရသည်။
ဒီဗီဒီယို အစီရင်ခံစာ မထုတ်ပြန်မီ သုံးရက်အလို၌ စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ပိုင်းမှာ ယခုနှစ် ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီခန့်တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါသည်။ ဒုံးတောရွာရှိ တောင်သူ ၁၀ ဦးကို စစ်တပ်က သေနတ်နှင့် ပစ်ခတ်ခဲ့ပြီး မသေမရှင် အခြေအနေတွင် မီးရှို့ခံကြသည်။ ၎င်းတို့ထဲမှ လေးဦးသည် အသက် ၁၈ နှစ်အောက် ကလေးငယ်များ ဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် YouTube ၏ သတ်မှတ်ချက်နှင့် မညီသည့် ရက်စက် ကြမ်းကြုတ်သောပုံဖြစ်သောကြောင့် ၎င်းကိုဝါးထားပြီး ထည့်သွင်းထားသည်။ “စစ်တပ်က ထိုင်နေတဲ့ ဘဲလေးတစ်ကောင်ကို အသေပစ်သလိုမျိုး အရပ်သားတွေကို သတ်နေတာ၊ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပြီး မတိုက်ရင် ကျွန်တော်တို့ ရှုံးသွားလိမ့်မယ်ဟု ထွန်းအောင်ကျော်က ဆိုသည်။ သူအ ဒီမိုကရေစီဘက်တော်သားများကို ၎င်းတို့၏ ကိုယ်ပိုင် လက်နက်များ တည်ဆောက်ရန် ကူညီပေးနေသည်ဟု ဆိုသည်။ အတူတကွ တိုက်ပွဲဝင်နေသော တိုင်းရင်းသား လက်နက်ကိုင်များ လက်ဝယ်ပိုင်ဆိုင်ထားသော လက်နက်များမှာ အကန့်အသတ်ရှိပြီး လက်နက်မှောင်ခိုဈေးကွက် ဈေးနှုန်းများ မြင့်တက်လာနေသည်။
ငြိမ်းချမ်းပြီး တရားဥပဒေစိုးမိုးသည့်နိုင်ငံများတွင် မိမိကိုယ်ကို ကာကွယ်ရန်နှင့် တရားမျှတမှုကို ထိန်းသိမ်းရန် သေနတ်ကိုင်ဆောင်ဖို့လိုသည်ဆိုသည့် အချက်မှာ စဉ်းစားစရာ ဖြစ်သော်လည်း ယနေ့မြန်မာနိုင်ငံတွင် လက်နက်မဲ့ အရပ်သားများကို သတ်ဖြတ်ရန် စစ်တပ်က သေနတ်များ ဆက်လက်အသုံးပြုနေသော်လည်း တရားမျှတမှု လုံးဝမရှိပေ။ အာဏာသိမ်းစစ်တပ်သည် မိမိပြည်သူများကို အင်အားသုံး ဆက်လက်သတ်ဖြတ်နေပြီး တရားဥပဒေစိုးမိုးခြင်းလည်း အလျဉ်းမရှိပေ။ နိုင်ငံတည်ငြိမ်အောင် လက်နက်အင်အားသုံး၍ ကြိုးပမ်းနေသော်လည်း နိုင်ငံတည်ငြိမ်မှု လုံးဝ မရှိသေးကြောင်း ဂျပန်နိုင်ငံ အပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများသို့ မြန်မာပြည်သူတို့၏အသံများနှင့် အသွင်အပြင်များကို တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။